Google Pixel Buds ကို Feature အသစ်များ၊အရောင်သစ်များဖြင့် သြဂုတ်လမှာ ထွက်ရှိမည်။
Forbes သတင်းထောက် Jay Mc Gregor ရဲ့ပြောြကားချက်အရ Google Pixel Buds အသစ်သည်“Feature Drop” အတွက်ဖြစ်ပြီး ထုတ်ကုန်ကို Google ကအသစ်သစ်သော စွမ်းဆောင်ချက်အသစ်များကို ပံ့ပိုးပေးမည်ဖြစ် သည်။Google က ယခင် Pixel ထုတ်ကုန်များအတွက် Feature Drops ကိုပြုလုပ်ခဲ့ပြီး ၎င်းသည် Pixel Buds အတွက်ပထမဆုံး Drop ဖြစ်သည်။ဖော်ပြချက်များအရ Feature Drop အမည်ပေးထားတဲ့ စကားလုံးသာ ရှိသော် လည်း အမှန်တကယ် Drop ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ဘယ်အရာတွင်ပါ၀င် မည်ဆိုသည့် ဖော်ြပချက် မရှိပါ။အခုအချိန်မှာလူသိများတာကိုအခြေခံပြီး Google ကအသံအရည်အသွေးကို ထိန်းညှိဖို့ EQ settings အသစ်များနဲ့ Pixel Buds ကို Update လုပ်လာနိုင်ပါတယ်။ Adaptive Sound (ပတ်၀န်းကျင်ပေါ်အခြေခံပြီး အသံ တိုး င့်ခြင်းနှင့်အသံနိမ့်ခြင်း) သည် User များအတွက် အရမ်းမိုက်တဲ့ Function ဖြစ်နိုင်ပါတယ်။Battery Life ကိုလဲမြှင့်ထားတယ်လို့လဲသိရပါတယ်။နောက်ဆုံးမှာ Google က Bluetooth အသံပြက်တောက်ခြင်းနဲ့ ပတ်သက်တဲ့ Error ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မယ်လို့လဲသိရပါတယ်။
Credit : gsmarena

