Redmi ၏ပထမဆုံး Gaming Smartphone ကို Dimensity 1200 Support နဲ့ဖြစ်လာမည်။


Redmi သည် Xiaomi ဘက်မှ ခွဲထွက်ပြီးသည်မှာ အချိန်ကာလ တစ်ခုထိရှိလာ​ပြီလည်းဖြစ်ပါတယ်။Redmi သည် Redmi TV နှင့် Redmi Notebook စသည့် Product များထုတ်လုပ်ခဲ့သော်လည့် ၎င်း၏ အဓိက Product သည် ဖုန်းဖြစ်ပါသည်။ယခုတွင် Redmi Gaming Smartphone လမ်းကြောင်းကိုစတင်နေပြီး MediaTek ၏ Dimensity 1200 Chipset အသစ်ဖြင့် ပွဲထွက်လာမည်ဖြစ်ပါတယ်။

Weibo ရှိ Digital Chat Station မှပေါက်ကြားချက်အရ Dimensity 1200 ပရိုဆက်ဆာသည် Redmi Gaming Smartphone ကိုထောက်ပံ့ပေးမည် ဖြစ်ပါတယ်။Redmi Gaming Smartphone နှင့် ပတ်သက်၍ အချက်အလက်အတိအကျများစွာကို မသိရသေးသော်လည်း ၎င်း သည် AMOLED မျက်နှာပြင်မဟုတ်သည့် LCD နဲ့ပဲဖြစ်ကောင်းဖြစ်မည်ဟုမျှော်လင့်ရပါတယ်။ဘက်ထရီစွမ်းဆောင်ရည်ကောင်းကောင်း Super Fast Charging နဲ့ Shoulder Buttons ကဲ့သို့များပါလာလိမ့်မယ်လို့လဲမျှော်လင့်ရပါတယ်။Dimensity 1200 သည် 6nm Chipset တစ်ခုဖြစ်ပြီး Cortex-A78 core လေးခုနှင့် Cortex-A55 core လေးခုပါရှိပါတယ်။ ၎င်းသည်အဓိကအားဖြင့် 3.0GHz အမြန်နှုန်းဖြင့်အလုပ်လုပ်သော Cortex-A78 core ဖြစ်သည်။Redmi Gaming Smartphone မှာ Exynos 1080, Exynos 2100 နှင့် Kirin 9000 / 9000E chipsets များတွင်တွေ့နိုင်သော Mali-G77 MC9 GPU လည်းပါဝင်မှာဖြစ်တဲ့အတွက်ကြောင့် မည်သည့် Game မဆို အသာယာကစားနိုင်မှာလဲဖြစ်ပါတယ်။

Ref ; GIZMOCHINA

Comments

Popular posts from this blog

Redmi Note 10 Pro က 5G ဖုန်းဖြစ်လာမှာလား

Google Pixel Buds ကို Feature အသစ်များ၊အရောင်သစ်များဖြင့် သြဂုတ်လမှာ ထွက်ရှိမည်။