Redmi Note 10 Pro က 5G ဖုန်းဖြစ်လာမှာလား



Redmi Note 9 Pro ကိုလွန်ခဲ့သောတစ်နှစ်လောက်က အိန္ဒိယတွင်စတင်ရောင်းချခဲ့ပါတယ်။ထို့နောက်April တွင် Redmi သည် အိန္ဒိယ Version 48MP အစား 64MP Main Camera ဖြင့် Global Version ကိုလဲကြေငြာခဲ့ပါတယ်။တခြား Global ကို ဖြန့်မဖြန့်ကတော့ တိတိကျကျမသိရသေးပါ။Note 10 Pro ကို FCC ၏ Website တွင် Model Number M2101K6G နှင့်ပြထားပါတယ်။ ဒါကို European Economic Commission, Singapore’s IMDA, and Malaysia’s MCMC တို့ကအသိအမှတ်ပြုထားပါတယ်။၎င်းတို့က ဖုန်းသည် Redmi Note 10 Pro ဖြစ်ကြောင်းဖုန်းပြော ခြင်း မပြုခဲ့ သော်လည်း အခြားအေဂျင်စီတစ်ခုမှဓာတ်ပုံသည် ဖုန်း၏ Market Name ကိုဖော်ပြထားပါတယ်။ ဒီပုံကို Weibo တွင် Digital Chat Station မှတင်လိုက်ပြီး ၎င်းသည် 5G ကိုထောက်ပံ့ပေးသည်ဟု သူကထပ်ပြောထားပါတယ်။အခြား leaker ဖြစ်တဲ့ Sudhanshu Ambhore ကတော့ M2101K6G သည် Redmi Note 10 Pro 5G ဖြစ်ကြောင်းအတည်ပြုခဲ့သည်။ဖုန်း၏အသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့မသိရှိသေးပါ။သို့သော်၎င်းသည် 5G စက်တစ်ခုဖြစ်ပါက Qualcomm ၏ Snapdragon 700 5G Series သို့မဟုတ် MediaTek ၏ Dimensity      Series Processor  ပါရမည်ဖြစ်ပါတယ်။ဒါ့အပြင်သူကကြီးမားတဲ့ Battery ကိုထုတ်နိုင်မယ် လို့မျှော်လင့်ထားပါတယ်။Redmi Note 9 Pro လို 5020mAh Battery နှင့် 30 Watt ထက်ပို မျှော်လင့်ရပြီး Android 11 ကို out of the box ဖြစ်လာနိုင်ပါတယ်။



Ref; GIZMOCHINA

Comments

Popular posts from this blog

Google Pixel Buds ကို Feature အသစ်များ၊အရောင်သစ်များဖြင့် သြဂုတ်လမှာ ထွက်ရှိမည်။

Redmi ၏ပထမဆုံး Gaming Smartphone ကို Dimensity 1200 Support နဲ့ဖြစ်လာမည်။