Gizmochina မှ ရွှေးချယ်ထားသော၂၀၂၀ ရဲ့အကောင်းဆုံး Android စမတ်ဖုန်းများ
ကင်မရာ တွေကိုမြှင့်တင်ခြင်းမှစ အသစ်ဒီဇိုင်းများနှင့် လျင်မြန်စွာအားသွင်းခြင်းအထိ မယုံနိုင်လောက်အောင် ပြောင်းလဲခဲ့သော နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ဒါ့ကြောင့်ဒီနှစ်အတွက်အကောင်းဆုံးလို့ကျွန်တော်တို့ထင်တဲ့ Android ဖုန်းစာရင်းကိုပြုစုရတာဘယ်လောက်ခက်ခဲမယ်ဆိုတာမြင်ယောင်ကြည့်နိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ ရွေးချယ်ထားသည်များကို ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့ ပြောထားပါတယ်။
အကောင်းဆုံးကင်မရာစမတ်ဖုန်း - Huawei Mate 40 Pro +

လွန်ခဲ့သောနှစ်အနည်းငယ်က Huawei သည် DxOMark ၏ Smartphone Camera အဆင့်သတ်မှတ်ချက်များအပေါ် မူတည်၍ Huawei သည်၎င်း၏ဖုန်းများ၏ကင်မရာစွမ်းဆောင်ရည်ကိုများစွာတိုးတက်စေခဲ့သည်။Huawei ၏ ရင်းနှီးမြှုပ်နှံမှုသည် Mate 40 Pro + နှင့်အကျိုးအမြတ်များရရှိခဲ့ပါတယ်။Camera 5 လုံးပါ၀င်သည့် 50MP Main Camera ၊ 8MP Periscope Zoom Lens နှင့် 20MP Ultra-Wide Angle Camera တို့ပါဝင်သည်။ အလင်းရောင်အခြေအနေအားလုံးတွင်လည်း မယုံနိုင်လောက်အောင်ဓာတ်ပုံများကောင်းပါတယ်။ ၎င်း၏ Zoom စွမ်းဆောင်နိုင်မှုသည်ယခုနှစ်တွင်ဖြန့်ချီခဲ့သော စမတ်ဖုန်းတွင်အကောင်းဆုံးတစ်ခုဖြစ်ပါတယ်။သင်သည်အလွန်ကောင်းမွန်သောကင်မရာစွမ်းဆောင်ရည်ရှိသောဖုန်းကိုလိုချင်ပါ Mate 40 Pro +က ရွေးချယ်စရာပဲဖြစ်ပါတယ်။
အကောင်းဆုံးဘက်စုံစွမ်းဆောင်ရည်မြင့်
Xiaomi Mi 10
စျေးအတန်ဆုံး
Flagship ဖုန်း - Mi 10T Pro 5G
၂၀၂၀ ၏ ထူးခြားသောဖုန်း
- LG Wing
အကောင်းဆုံး
ခေါက်ချိုးဖုန်း - Samsung Galaxy Z Fold 2
Samsung သည်ယခုနှစ်တွင်
Galaxy Z Fold 2 ကိုစတင်မိတ်ဆက်ကာခေါက်သိမ်းနိုင်သောစမတ်ဖုန်းဈေးကွက်တွင်ခိုင်မာအောင်ပြုလုပ်ခဲ့သည်။
ပိုကြီးတဲ့ Display တွေ၊ ပိုကောင်းတဲ့ခေါက်ချိုးဒီဇိုင်း၊ ပိုကြီးတဲ့ Battery နဲ့ ပိုမိုမြန်ဆန်တဲ့ကြိုးမဲ့အားသွင်းခြင်းတို့ကို
ဖုန်းအသစ်မှာ ထည့်သွင်းပေးထားတယ်။၎င်းတွင် ပိုမို အစွမ်းထက်သော Snapdragon 865+ ပရိုဆက်ဆာ ၊ 12GB RAM ၊ 256GB Storage နှင့် စျေးနှုန်းအားဖြင့်လဲ1990$ ဖြစ်ပါတယ်။
အကောင်းဆုံး
Budget 5G ဖုန်း - OnePlus Nord
OnePlus
Nord ကိုယခုနှစ်တွင် ပထမဆုံးဘတ်ဂျက် OnePlus ဖုန်းအဖြစ်ကြေညာခဲ့သည်။ OnePlus Nord Mid-Range
ဖုန်းသည်စွမ်းဆောင်ရည်နှင့်စျေးနှုန်းတို့ကိုပေါင်းစပ်ထားသောအကောင်းဆုံးဘတ်ဂျက် 5G
ဖုန်းဖြစ်သည်။စျေးနှုန်းကလဲ ယူရို ၃၉၉ ဈေးနှုန်းဖြစ်ပါတယ်။Specification အနေဖြင့်လဲ
90Hz ၊ AMOLED မျက်နှာပြင်၊ ရှေ့ဘက်ကင်မရာနှစ်လုံး၊ ရှေ့ကင်မရာနှစ်လုံး၊
Snapdragon 765G ပရိုဆက်ဆာ၊ 8GB RAM၊ 128GB သိုလှောင်မှုနှင့် 33115mAh ဘက်ထရီကိုရရှိသည်။
စျေးသက်သာတဲ့ 5G ဖုန်းများရှိပါသလား။ ဟုတ်ပါတယ် ရှိပါတယ်။အဲဒီလိုဖြစ်ပေမယ့်သူတို့ဟာ
LCD Display ဒါမှမဟုတ် Refresh Rate မရှိတဲ့ AMOLED မျက်နှာပြင်၊ RAM နည်းနည်း၊ စွမ်းအားနည်းတဲ့ပရိုဆက်ဆာတွေ၊
နှေးကွေးတဲ့အားသွင်းတဲ့နည်းပညာတွေစတဲ့ Specification တွေပါလာမှာဖြစ်ပါတယ်။
Reference ; Gizmochina





Comments
Post a Comment