Realme X7 Pro ကို ထိုင်းနိုင်ငံတွင် စတင်ရောင်းချပြီ။
တရုတ်နိုင်ငံ၌
စက်တင်ဘာလ ၁ ရက်နေ့တွင်Realme X7 စီးရီးကိုဖြန့်ချိပြီးနောက် ယခုအခါ ထိုင်းနိုင်ငံတွင်
ဖြန့်ချီ လိုက်ပြီဖြစ်ပါတယ်။ X7 Pro ကို ထိုင်းနိုင်ငံရှိ ထိပ်တန်းအွန်လိုင်းစတိုးဆိုင်များတွင် ရရှိနိုင်ပါတယ်။
လက်ရှိ တွင်ရရှိနိုင်သည့် Memory တစ်မျိုးတည်းသာရရှိနိုင်ပြီး Black and Gradient ဟူ၍ အရောင်နှစ်မျိုးဖြင့်
ရနိုင်တယ်။Realme X7 စီးရီးအတွက် ပထမဆုံးပွဲဦးထွက်အဖြစ် ထိုင်းစျေးကွက်ကို ရွေးချယ်မှုသည် ရှင်းလင်း
စွာ မသိရသေးသော်လည်း Realme သည် စီးပွားရေးလမ်းကြောင်းသစ်ချဲ့ထွင်ရန် ယခင်က မဖြန်ချီရသေးသော
ထိုင်းနိုင်ငံကို ဖြန့်ချီခြင်းဖြစ်ပါတယ်။Realme X7 Pro သည် Dimension 1000+ Chipset ကို အသုံးပြုထားပြီး
5G Support ဖြစ်တယ်။ထိုင်းနိုင်ငံသည် နည်းပညာနှင့်ကွန်ယက်တည်ဆောက်မှုများ၏ လုပ်ဆောင်နိုင်စွမ်းကို
Realme X7 Pro 5G စမတ်ဖုန်းဖြင့်ပြသမည်ဖြစ်တယ်။Specification အနေဖြင့် Realme X7 Pro တွင်လျင်မြန်
စွာအားသွင်းနိုင်သည့်လုပ်ဆောင်နိုင်စွမ်း (65W) ရှိပြီး ၎င်းတွင် စွမ်းဆောင်ရည် မြင့်မားပြီးကြည်လင်ပြတ်သား
သောပုံရိပ်များကိုထုတ်လုပ်ရန် 64MP Main Camera ၊ ၆.၅၅ လက်မ AMOLED မျက်နှာပြင် 120Hz Refresh
Rate ၊ 240Hz Touch Sampling Rate ၊ Memory 8GB RAM နှင့် 128GB တို့ဖြစ်ပါတယ်။Realme X7 Pro ကို
ထိုင်းနိုင်ငံတွင် ၁၆၉၉၉ ဘတ် (ဒေါ်လာ ၅၇၀ (သို့) ယူရို ၄၆၅)ဖြင့်ရောင်းချနေပါတယ်။
Source By - GIZMOCHINA
Comments
Post a Comment