Xiaomi ၏ Mi 11 တွင် Lather Design ဖြင့်လည်းထုတ်လုပ်မည်။

Weibo မှ ပေါက်ကြားမှု့သည် Xiaomi Mi 11 ၏အရောင်နှင့် Storage ဆိုင်ရာပုံစံ များကိုဖော်ပြခဲ့သည်။12GB +256GB အမျိုးအစားကိုအပြာရောင်ဖြင့် ထုတ်လုပ်မည်ဖြစ်ပါတယ်။8GB+128GB ကို Smoke Purple တွင်လည်းကောင်း၊12GB+256GB အမျိုးအစားကို Cigarette Purple တွင်လည်းကောင်း၊ Special Edition အမျိုးအစားကိုအဖြူရောင်တွင်လည်းကောင်း ရောင်းချပေးမည် ဖြစ်ပါတယ်။ ဤအရောင်ရွေးချယ်မှုများအပြင် Xiaomi သည် Lather ဖြင့်ပြုလုပ်ထားသော Special Edition ကိုလည်း ထုတ်လုပ်မည်ဖြစ်ပါတယ်။lather Edition နှင့်ပတ်သတ်၍ တိရိစ္ဆာန်များမှ ရသော Lather များနှင့် ထုတ်လုပ်မည်မဟုတ်ကြောင်းလဲ ဖော်ပြထားပါတယ်။

Xiaomi မှထုတ်ပြန်ကြေငြာသည့်အချိန်တွင်ပင် Mi 11 ကိုဖြန့်ချိနိုင်ပြီး Mi 11 Pro မော်ဒယ်ကို ဖေဖော်ဝါရီလ တွင်ရောက်ရှိမည်ဟုခန့်မှန်းထားပါတယ်။မော်ဒယ်နှစ်မျိုးရှိ ၊မရှိကိုမူအတည်မပြုရသေးသော်လည်းအနည်းဆုံး Mi 11နှင့် Mi 11 Pro Model များကိုမျှော်လင့်နိုင်ကြောင်းခန့်မှန်းထားပါတယ်။Model နှစ်ခုစလုံးသည် Punch Hole Selfie ကင်မရာဒီဇိုင်းကိုအသုံးပြုထားပြီး FHD + Curve Display ၊ 120Hz Refresh Rate တို့ကို အသုံးပြုထားပါတယ်။Display panel က Native 10-bit Color ကိုလည်းထောက်ပံ့ပေးမှာပါ။အချက်အလက်များကိုအသေးစိတ်မသိရှိရသေးသော်လည်းကြီးမားသောCamera Sensor နှင့် ကင်မရာအာရုံခံကိရိယာနှစ်ခုကို ယနေ့အစောပိုင်းမှပေါက်ကြားခဲ့သောဓာတ်ပုံများတွင်တွေ့ရသည်။



Comments

Popular posts from this blog

Redmi Note 10 Pro က 5G ဖုန်းဖြစ်လာမှာလား

Google Pixel Buds ကို Feature အသစ်များ၊အရောင်သစ်များဖြင့် သြဂုတ်လမှာ ထွက်ရှိမည်။

Redmi ၏ပထမဆုံး Gaming Smartphone ကို Dimensity 1200 Support နဲ့ဖြစ်လာမည်။