Apple iPad Mini 6 တွင် Touch ID နှင့် Punch-Hole ကင်မရာတို့ပါဝင်မည်။
Apple သည်၎င်း၏ထုတ်ကုန်များကိုအဆင့်မြှင့်တင်နေပြီးအချို့ Product များတွင် ဒီဇိုင်းများကိုအဆင့်မြှင့်တင်ထားပါတယ်။ယခုတွင် Apple ကုမ္ပဏီ၏လာမည့် iPad Mini 6 တွင်ဒီဇိုင်းအသစ်နှင့်စိတ်ဝင်စားဖွယ်ကောင်း သော Features များပါဝင်လာနိုင်ပါတယ်။Apple iPad Mini 6 အတွက်အသစ်ပြင်ဆင်ထားသောဒီဇိုင်းနှင့် ပတ်သက်၍ ပေါက်ကြားမှု့သည် ယခင်က Google Pixel 5 ၊Samsung Galaxy Note20 နှင့် Apple iPhone 12 Pro ကဲ့သို့သော Product များ၏အချက်အလက်များကိုပေါက်ကြားခဲ့သော David Kowalski မှတစ်ဆင့်ရရှိခဲ့သည်။၎င်းသည် Apple iPad Pro (2021) နှင့်ပါတ်သက်သည့်သတင်းအချက်အလက်များကိုမျှဝေခဲ့ပြီးယခု iPad Mini 6 အတွက်နောက်ဆုံးအချက်အလက်များတွင် Apple သည် In-display Touch ID fingerprint Sensor နှင့်Punch-Hole ကိုအသုံးပြုလိမ့်မည်ဖြစ်သောကြောင့် Bezels အရွယ်အစားကိုလျှော့ချနိုင်ပြီး အသုံးပြုသူများအတွက် Full-Screen အတွေ့အကြုံကိုပေးစွမ်းလိမ့်မည်ဖြစ်ပါတယ်။ဒါ့အပြင် Ming-Chi Kuo က ၉.၁ လက်မမျက်နှာပြင်ပါတဲ့ iPhone Mini 6 နဲ့ပတ်သက်ပြီးပြောခဲ့သလိုပါပဲ ဒီပစ္စည်းဟာ iPad Mini series ရဲ့အရင်မော်ဒယ်များနဲ့နှိုင်းယှဉ်ရင်ပိုကြီးတဲ့မျက်နှာပြင်နဲ့လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။အဆိုပါထုတ်ကုန်ကို iPhone 12 Series မှာသုံးထားတဲ့ A14 Chipset ဖြင့်ထုတ်လုပ်မည်ဟုမျှော်လင့်ရပြီးရပါတယ်။
Ref ; GIZMOCHINA

Comments
Post a Comment