အကြမ်းခံနိုင်မှု့နဲ့ Battery ပိုင်းတွေမှာ အားသာချက်များနဲ့ Doogee ရဲ့ S88 Pro

Doogee သည်  S88 Pro ကို 2020 ခုနှစ် ဇွန်လတွင် မိတ်ဆက်ခဲ့ပြီးကုမ္ပဏီမှ  Hardware  အဆင့်မြှင့်တင်မှုများပြုလုပ်ထားသည့် Model အသစ်ကိုကြေငြာခဲ့သည်။ S88 Plus တွင် RAM နှင့် Samsung Triple Camera များဖြင့်အဆင့်မြှင့်ထားသည်။ S88 Plus ကို Helio P70 ၊ 128GB Storage နှင့်အတူ 10,000 mAh Battery ပါဝင်ပါတယ်။ ဤဖုန်း Battery ကိုပုံမှန် အသုံးပြုမှု့များအတွက် ၃ ရက်မှ ၅ ရက်ကြာအထိ အသုံးပြုနိုင်သည်။ကင်မရာသုံးလုံးတွင် 48MP Main Camera ၊ 8MP Ultrawide Shooter နှင့် 8MP Depth Camera တို့ပါဝင်သည်။ရှေ့ဘက်ကင်မရာသည် f / 2.0 Aperture  ပါ၀င်သည့် Samsung (S5K3P3SP06-FGZ9) 16MP Camera ဖြစ်ပါတယ်။S88 Plus တွင် Gorilla Glass Protection နှင့် ၆.၃ လက်မ Full HD + မျက်နှာပြင်ရှိသည်။ ဖုန်းကိုယ်ထည် အကြမ်းခံနိုင်ရည်ရှိခြင်း၊ ရေစိုခံနိုင်သည့် IP69 နှင့် IP69K ပါဝင်ပြီး  ၃၇၂ ဂရမ် အလေးချိန်နှင့် ၁၈.၇ မီလီမီတာအထူရှိသည်။၎င်းတွင်နောက်ကျောတွင်ရှိသည့်“ Iron Man ပုံစံ LEDs များကတော့ Notification အသိပေးချက်များကို ပြသပေးမှာ ဖြစ်ပါတယ်။၎င်း၏ဘေးထွက်တွင် Configure လုပ်နိုင်သောခလုတ်နှစ်ခုပါရှိပြီး Android 10 Out if the box ဖြစ်ပါတယ်။ S88 Plus ကိုအရောင်သုံးမျိုးဖြင့်ထုတ်လုပ်ထားပြီး Fire Orange, Army Green နှင့် Mineral Black တို့ရရှိနိုင်ပါတယ်။S88 Plus ကိုပထမအပတ်အတွက် Aliexpress တွင်ဒေါ်လာ ၁၉၉ ဖြင့်ရောင်းချမည်ဖြစ်သည်။ ဇန်နဝါရီ ၃၁ ရက်တွင်၎င်း၏ပုံမှန်စျေးနှုန်းကိုဒေါ်လာ ၃၄၉ နဲ့သာ ရရှိနိုင်တော့မည်ဖြစ်ပါတယ်။








Comments

Popular posts from this blog

Redmi Note 10 Pro က 5G ဖုန်းဖြစ်လာမှာလား

Google Pixel Buds ကို Feature အသစ်များ၊အရောင်သစ်များဖြင့် သြဂုတ်လမှာ ထွက်ရှိမည်။

Redmi ၏ပထမဆုံး Gaming Smartphone ကို Dimensity 1200 Support နဲ့ဖြစ်လာမည်။