Google Phone App အသုံးပြုသူများသည်မကြာမီ အမည်မသိခေါ်ဆိုမှုများကို Auto Call Recording ရရှိနိုင်မည်ဖြစ်ပါတယ်။
Google Phone App သည် Play Store တွင်အချိန်အတော်ကြာရှိနေသော်လည်းအချို့သော Device များမှာသာ Call Calling Feature ကိုထောက်ပံ့ပေးထားသည်။OEMs များစာရင်းတွင် Xiaomi၊, Nokia နှင့် Google ၏ ကိုယ်ပိုင် Pixel ထုတ်ကုန်များပါဝင်သည်။ ယခု XDA ၏တွေ့ရှိချက်အရ Google သည်အမည်မသိခေါ်ဆိုမှုများကို Auto Call Recording ပြုလုပ်နေကြောင်းဖော်ပြထားပါတယ်။ပေါက်ကြားမှု့များအရ APK Teardown သည် Google Phone Apps Version 59 တွင်ထည့်သွင်းထားသည်ကို ဖော်ပြထားပါတယ်။၎င်းတွင် Always record”, “non_contact_toggle_key”, “Numbers Not In Your Contacts”များပါဝင်ပါတယ်။Google Phone App သည်ပြီးခဲ့သည့်နှစ်က Call Record စနစ်ကိုမိတ်ဆက်ခဲ့သည်။ အစပိုင်းတွင် Google Pixel အသုံးပြုသူများသာ အသုံးပြုနိုင်ခဲ့ပါတယ်။နောက်ပိုင်းတွင် Google သည်စက်တင်ဘာလတွင် Xiaomi ထုတ်ကုန်များစွာနှင့် ၂၀၂၀ မေလတွင် Nokia စမတ်ဖုန်းများအတွင် Call Record System ရရှိခဲ့ပါသည်။
Ref.GIZMOCHINA

Comments
Post a Comment